Asian Cup News

ဆိုက်ပရပ်စ်နှင့် ခြေစမ်းမည့်မြန်မာ

Oct 10 , 2016

ဆူဇူကီးဖလားပြိုင်ပွဲအတွက်ပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများဖြစ်သည့် ဂျာမနီနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့၌ လေ့ကျင့်မှုများ သွားရောက်ပြုလုပ်ပြီး၊ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခရီးစဉ် နောက် ဆုံး ခြေစမ်းပွဲအဖြစ် ဆိုက်ပရပ်စ် ပထမတန်းကလပ် နီယာဆာလာမီစ်အသင်းနှင့် အောက်တိုဘာ ၁၀ရက် မြန်မာစံတော်ချိန် ည ၇နာရီခွဲတွင် ဆိုက်ပရပ်စ်နိုင်ငံရှိ မြူနီစီပယ်ကွင်း၌ ခြေစမ်းကစားမည် ဖြစ်သည်။

နီယာဆာလာမီစ်အသင်းသည် ပထမတန်းကလပ်ဖြစ်ပြီး ဘရာဇီး၊ စပိန်၊ ခရိုအေးရှား၊ အာဂျင်တီးနား၊ ဂရိ၊ အီတလီ၊ ပေါ်တူဂီနှင့် စလိုဗက်ကီးယားနိုင်ငံတို့မှ ကစားသမားများ ပါဝင်ကစားလျက်ရှိသည့် အသင်းဖြစ်သည်။ ယခုနှစ် ဆိုက်ပရပ်စ် ပထမတန်းကလပ် နီယာဆာလာမီစ်အသင်းသည် ၂၀၁၆-၂၀၁၇ ရာသီ ပွဲစဉ်ခြောက်ပွဲကစားအပြီး အဆင့် (၁၀) နေရာ၌ ရပ်တည်နေသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ဥရောပခရီးစဉ်ခြေစမ်းပွဲ ရှစ်ပွဲမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၁၁ရက်မှ စတင်၍ ဂျာမနီနိုင်ငံ၌ အခြေစိုက်လေ့ကျင့်မှုများ ပြုလုပ်ပြီး ခြေစမ်းပွဲ ငါးပွဲယှဉ်ပြိုင်ကစားခဲ့သည်။ ထို့နောက် ဆိုက်ပရပ်စ်နိုင်ငံသို့ သွားရောက်အခြေစိုက်ကာ လေ့ကျင့်မှုနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားပြီး အောက်တိုဘာ ၁၃ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲ ခုနှစ်ပွဲကစားထားပြီး သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ် ရရှိထားသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here