La-liga News

အင်တာကိုငြင်းခဲ့တဲ့ ရိုဒရီဂုဇ်

Oct 10 , 2016

ရီးရဲလ်ကွင်းလယ်ကစားသမား ရိုဒရီဂုဇ်မှာ လွန်ခဲ့သော နွေက အင်တာ၏ ပြောင်းရွှေ့ကြေးပေါင် ၇၆ သန်းဖြင့် ကမ်းလှမ်းမှု ကို ငြင်းပယ်ကာ အသင်းတွင် ပုံမှန်ကစားခွင့်ရရေးအတွက် ကြိုးစားနေဆဲ ဖြစ်သည်ဟု ဆိုသည်။

မိုနာကိုတွင် ကစားနေသော ကိုလံဘီယာသား ရိုဒရီဂုဇ်မှာ ၂၀၁၄တွင် ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းဖြင့်  ရီးရဲလ်သို့ ရောက် လာကာ ပွဲဦးထွက်ရာသီတွင် ရီးရဲလ်နှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သော်လည်း လွန်ခဲ့သော ရာသီမှစ၍ ပုံမှန်ပွဲထွက်ခွင့် နည်း လာခြင်းနှင့်အတူ ခြေစွမ်းမပြနိုင်ပဲ ရှိနေခဲ့သည်။

ဒဏ်ရာရမှုများကြောင့်လည်း ထင်တိုင်းမပေါက်ခဲ့သည့် ရိုဒရီဂုဇ်မှာ ယခုရာသီ နည်းပြ ဇီဒန်း လက်ထက်တွင်လည်း ပုံမှန်ကစား ခွင့်ရမလာသေးပေ။

U Myo Thant




<< Back La-liga News


Advertisement
Here