Europe News

နိုင်ပွဲရသော စပိန်နှင့် အီတလီ

Oct 10 , 2016

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု G ပွဲစဉ်များကို ကျင်းပခဲ့ရာ စပိန်နှင့် အီတလီတို့ အနိုင်ရခဲ့ကြသည်။

အယ်လ်ဘေးနီးယားနှင့် ကစားရသည့်ပွဲတွင် စပိန်မှာ ကော်စတာနှင့် နိုလီတိုတို့၏ ဂိုးများဖြင့် အနိုင်ရခဲ့ပြီး၊ အုပ်စုထိပ်ဆုံး သို့ ရောက်ရှိသွားခဲ့သည်။

အဆိုပါပွဲတွင် စပိန်ဘက်၌ ပရီးမီးယားကစားသမားများဖြစ်သော ကော့စတာ၊ နိုလီတို၊ မွန်ရီရယ်၊ ဆေးလ်ဗားနှင့် ဒီဂီရာတို့ ပါဝင် ခဲ့သည်။

အဆိုပါ အုပ်စုတွင် ပါဝင်သော အီတလီမှာ ကမ္ဘာ့အဆင့် ၁၄၆ တွင် ရှိနေသော မက်ဆီဒိုးနီယားကို အကြိတ်အနယ်ကစားခဲ့ရပြီး နာကျင်အချိန်ပို ၁မိနစ်တွင် ရခဲ့သော ဂိုးကြောင့်သာ ၃း၂ဖြင့် ကပ်၍ အနိုင်ရ ရှိခဲ့သည်။

တစ်အုပ်စုတည်းဖြစ်သည့် အစ္စရေးမှာလည်း လက်ချင်စတိန်းကို ၂း၁ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် စပိန်နှင့် အီတလီက ၇မှတ်စီ၊ အစ္စရေးနှင့် အယ်လ်ဘေးနီးယားတို့က ၆မှတ်စီရထားပြီး မက်ဆီဒိုးနီးယားနှင့် လက်ချင် စတိန်းတို့မှာ အမှတ်မရသေးပေ။

U Myo Thant




<< Back Europe News


Advertisement
Here