FA Cup News

စစ်ဆေးခံရမည့် FA ဥက္ကဋ္ဌ

Oct 11 , 2016

အင်္ဂလန်နည်းပြအဖြစ် ၆၇ရက်သာ တာဝန်ယူခဲ့သော ဆမ်အလာဒိုက်စ်ကို လစာပုံစံမျိုးအဖြစ် ပေါင် ၁သန်းပေးလိုက်သည့်အပေါ် FA ဥက္ကဋ္ဌ ကလပ်ခ်ကို ခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးလိမ့်မည် ဖြစ်သည်။

FA ကောင်စီဝင်များသည် ယခုရက်ပိုင်းအတွင်း အစည်းအဝေးတစ်ခု ကျင်းပသွားရန်ရှိနေပြီး ဆမ်အလာဒိုက်စ်၏ နောက်ဆက်တွဲ ကိစ္စများအပေါ် ဆွေးနွေးလိမ့်မည် ဖြစ်သည်။

ထို့အပြင် FA ကောင်စီအနေနှင့် ဆမ်အလာဒိုက်စ် နုတ်ထွက်သွားရသည့် ကစားသမားအပြောင်းအရွှေ့ကို လက်တစ်လုံးခြား လှည့် စား၍ အခွန်သက်သာအောင် ရှောင်ခြင်းမျိုးပြုလုပ်၍ ရနေသည်ဟူသော စကားအပေါ်တွင်လည်း စုံစမ်းမည် ဖြစ်သည်။

အင်္ဂလန်အသင်းမှာ ဆမ်အလာဒိုက်စ် နုတ်ထွက်သွားပြီးနောက် ယာယီနည်းပြအဖြစ် ယူ-၂၁ နည်းပြ ဆောက်ဂိတ်ကို ခန့်အပ် ထားပြီး သင့်တော်မည့် နည်းပြမျိုးကို ရှာဖွေခန့်အပ်သွားမည်ဟု ဆိုသည်။

 

U Myo Thant

<< Back FA Cup News


Advertisement
Here