Europe News

ရှုံးပွဲတွေ့သော အာဂျင်တီးနား

Oct 12 , 2016

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန်တွင် နာမည်ကြီး အာဂျင်တီးနားမှာ အိမ်ကွင်းတွင် ပါရာဂွေးကို မမျှော်လင့်ပဲ ရှုံးနိမ့်သွားခဲ့သည်။

အဆိုပါ ပွဲတွင် အာဂျင်တီးနားဘက်၌ နာမည်ကြီး မက်ဆီမပါဝင်ခဲ့ပဲ ပွဲချိန် ၁၈ မိနစ်တွင် ဂွန်ဇာလက်က ဧည့်သည့် ပါရာဂွေးအတွက် ဂိုးသွင်းယူသွားနိုင်ခဲ့သည်။

ဒုတိယပိုင်း ၄၇ မိနစ်တွင် အာဂျင်တီးနားအသင်း ပယ်နယ်တီရခဲ့သော်လည်း အဂူရို ကန်သွင်းရာတွင် ဂိုးအဖြစ် ဖန်တီးနိုင်ခဲ့ခြင်း မရှိပေ။

အသင်း ၁၀သင်းပါသော တောင်အမေရိကဇုန်တွင်  ၁၀ပွဲစီ ကစားပြီးရာ၌ ဘရာဇီး ၂၁ မှတ်ဖြင့် ဦးဆောင်နေပြီး၊ ဥရုဂွေး အမှတ် ၂၀၊ အီကွေဒေါနှင့် ကိုလံဘီယာတို့က ၁၇မှတ်နှင့် ၁၄ မှတ်စီတို့ ရရှိထားပြီး ၄သင်းတိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မည့် ယင်းခြေ စစ်ပွဲတွင် နောက်ထပ် ၈ပွဲစီ ကစားကြရဦးမည် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here