Europe News

၂၀၂၆ အိမ်ရှင် ဘယ်သူလဲ?

Oct 15 , 2016

၂၀၁၈ ကမ္ဘာ့ဖလားနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲများကို ဥရောပနှင့် အာရှတို့က ကျင်းပခွင့်ရထားပြီးဖြစ်သဖြင့် ၂၀၁၆ ကမ္ဘာ့ဖလား ပွဲကို အလှည့်ကျစနစ်အရ အခြားဒေသမှ နိုင်ငံတစ်ခုခုက ရွေးချယ်ခံရလိမ့်မည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ဖီဖာမှာ ၂၀၂၂ နောက်ပိုင်းကျင်းပသည့် ကမ္ဘာ့ဖလားပွဲများတွင် ပါဝင်ခွင့်ရ အသင်းကို ၃၂သင်းမှ အသင်း ၄၀ သို့မဟုတ် ၄၈ သင်း ပါဝင်သည့် ပုံစံဖြင့် ကျင်းပခွင့်ရရန် တင်ပြထားပြီ ဖြစ်သည်။

၎င်းတင်ပြထားချက်ကို ၂၀၁၇ ဇန်န၀ါရီလတွင် ပြုလုပ်မည့် ဖီဖာအမှုဆောင် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ကြမည် ဖြစ် သည်။

၂၀၁၆ ကမ္ဘာ့ဖလားပွဲအတွက် ကျင်းပနိုင်သည့် ပုံစံ ၄မျိုးမှာ-

(၁) လက်ရှိအတိုင်း ၃၂သင်းသာ ဆက်ထားခြင်း

(၂) ၅သင်းပါ အုပ်စု ၈ အုပ်စုဖြင့် အသင်း ၄၀ ပါဝင်ခွင့်ရရန်

(၃) ၄သင်းပါ အုပ်စု ၁၀အုပ်စုဖြင့် အသင်း ၄၀ ပါဝင်ခွင့်ရရန်

(၄) ၁၆သင်းကို ရှုံးထွက်စတင်ထားကစားစေပြီး နောက်ပိုင်း ၃၂သင်း ပုံစံပြန်ဖြစ်သွားစေရန် ဟူသော နည်းလမ်း ၄သွယ်ထဲ မှ ရွေးချယ်စေမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here