Asian Cup News

ထိုင်းနိုင်ငံမှ ဒိုင်များကိုင်တွယ်မည့် ဆူဇူကီးဖလားပွဲ

Oct 28 , 2016

မြန်မာနိုင်ငံ၌ကျင်းပမည့် ဆူဇူကီးဖလားအကြို မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲများကို ထိုင်းနိုင်ငံမှ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးများက ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၄ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်း၊ နိုဝင်ဘာ ၁၄ရက်တွင် မြန်မာ့ လက်ရွေးစင်အသင်းနှင့် အိုမန်လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲ အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ထိုင်းနိုင်ငံမှ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးများကို ဖိတ်ကြားထားကြောင်း သိရသည်။

ဆူဇူကီးဖလားဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲစဉ်တွင် ကွင်းလယ်ဒိုင်နှင့် စတုတ္ထဒိုင်တို့ကို ထိုင်းနိုင်ငံမှ ဒိုင်လူကြီးများက ဆောင်ရွက်မည်ဖြစ်ပြီး စည်းကြပ်ဒိုင်အဖြစ် မြန်မာနိုင်ငံမှ ဒိုင်လူကြီးများက ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့နောက် နိုဝင်ဘာ ၁၄ရက်တွင် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် အိုမန်လက်ရွေးစင်အသင်းတို့ပွဲစဉ်ကို ထိုင်းနိုင်ငံ မှ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးများက ကိုင်တွယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခြေစမ်းပွဲနှစ်ပွဲစလုံးကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းရုပ်/သံလိုင်းဖြစ်သော MRTV က တိုက်ရိုက်ပြသသွားမည်ဖြစ်ကာ ကွင်းဝင်ကြေးအဖြစ် အထူးတန်း ငွေကျပ် ၃၀၀၀နှင့် ရိုးရိုးတန်း ငွေကျပ် ၂၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here