La-liga News

အထုတ်ခံရသော ပိုယက်

Nov 12 , 2016

လာလီဂါတွင် ရုန်းကန်နေရသော ဘက်တစ်အသင်းမှာ နည်းပြ ပိုယက်ကို ရာထူးမှ  ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

ပိုယက်မှာ လွန်ခဲ့သော မေလတွင် ဘက်တစ်နှင့် ၂နှစ်စာချုပ်ချုပ်ခဲ့သူဖြစ်ပြီး လောလောဆယ် နောက်ဆုံး ၅ပွဲတွင် ၄ပွဲရှုံးခဲ့ပြီးနောက် ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

ဆန်းဒါးလန်း၊ AEK အသင်းများကိုလည်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဘူးသည့် ပိုယက်၏ ဘက်တစ်အသင်းမှာ လာလီဂါတွင် ၁၁ပွဲ ကစား ၁၁မှတ် အဆင့် ၁၄ နေရာသို့ ရောက်ရှနေပြီ ဖြစ်သည်။

ဘက်တစ်အသင်းတာဝန်ရှိသူများက ပိုယက်ကို ထုတ်ပယ်ခဲ့ပြီးနောက် ရီးရဲလ်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဗစ်တာ ဆန်းချက်ဇ်ကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့ပြီး ဆန်းချက်ဇ်မှာ လာမည့် သောကြာနေ့ လာပါးမက်စ်နှင့် ပွဲတွင် စတင်တာဝန်ယူ ကိုင်တွယ်မည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here