Europe News

စံချိန်ချိုးခဲ့သော ၀ုဒ်ဘန်း

Nov 30 , 2016

EFL ဖလားကွာနားဖိုင်နယ်အဖြစ် လိဒ်စ်အသင်းနှင့် ကစားခဲ့သောပွဲတွင် ဂိုးသွင်းနိုင်ခဲ့သော လူငယ်ကစားသမား ၀ုဒ်ဘန်းမှာ ယခင် က အိုဝင်တင်ထားခဲ့သည့် အသက်အငယ်ဆုံးဖြင့် ဂိုးသွင်းနိုင်သည့် ကစားသမားစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဝုဒ်ဘန်းမှာ လိဒ်စ်နှင့် ကစားခဲ့သည့်နေ့တွင် အသက် ၁၇နှစ် ၄၅ ရက်သာရှိသေးသဖြင့် အိုဝင်၏ စံချိန်ကို ကျော်လွန်သွား ခဲ့ခြင်း ဖြစ်သည်။

ဝုဒ်ဘန်းအနေနှင့် လွန်ခဲ့သော စနေနေ့ ဆန်းဒါးလန်းနှင့် ပွဲတွင် လီဗာပူးအတွက် ပထမဆုံး ကစားခွင့်ရခဲ့သူ ဖြစ်သည်။

ယခင်က အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်ထားခဲ့သည့် အိုဝင်မှာ ၁၉၉၇ ၀င်ဘယ်ဒန်နှင့် ပွဲတွင် စံချိန်တင် ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အိုဝင်၏ အသက်မှာ ၁၇ နှစ် ၁၄၃ရက် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here