Capital One Cup News

EFL ဖလား ဆီမီးပွဲစဉ်များ

Dec 01 , 2016

EFL ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဆီမီးဖိုင်နယ်အဆင့်သို့ မန်ယူ၊ လီဗာပူး၊ ဆောက်သင်တန်၊ ဟောလ် အသင်းတို့ တက်ရောက်လာခဲ့ကြသည်။

ဆီမီးအဆင့်သို့ ပရီးမီးယားအသင်းများသာ တက်ရောက်လာခြင်းဖြစ်ပြီး အဆင့် ၂ လီဗာပူး၊ အဆင့် ၆ မန်ယူ၊ အဆင့် ၁၀ ဆောက်သင်တန်၊ အဆင့် ၁၈ ဟောလ်စီးတီးတို့ ဖြစ်ကြသည်။

အာဆင်နယ်ကို အနိုင်ရရှိခဲ့သော ဆောက်သင်တန်မှာ ဆီမီးတွင် လီဗာပူးနှင့် တွေ့ရမည်ဖြစ်ပြီး၊ မန်ယူက ဟောလ်နှင့် ကစား ရမည် ဖြစ်သည်။

လီဗာပူး အသင်းမှာ ယခုလိဂ်ဖလားမျိုးကို ၈ကြိမ်ရခဲ့သူဖြစ်ပြီး ဆောက်သင်တန်မှာ ၁၉၈၇ နောက်ပိုင်း ဆီမီးသို့ ပထမ ဆုံး ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

ဆီမီး ပထမအကျော့ပွဲစဉ်ကို ၂၀၁၇ ဇန်န၀ါရီ ၉ရက်တွင် မန်ယူနှင့် ဆောက်သင်တန်တို့က အိမ်ရှင်အဖြစ်လည်းကောင်း၊ ဇန်န၀ါရီ ၂၃ ရက် ဒုတိယအကျော့တွင် ဟောလ်နှင့် လီဗာပူးတို့က အိမ်ရှင်အဖြစ် လည်းကောင်း ကစားကြရမည်ဖြစ်သည်။

U Myo Thant

<< Back Capital One Cup News


Advertisement
Here