Ligue-1 News

ဂိုး ၁၀၀ပြည့်သော ကာဗာနီ

Dec 01 , 2016

ဥရုဂွေး လက်ရွေးစင်တိုက်စစ်မှုး ကာဗာနီမှာ ၂၀၁၃ တွင် နာပိုလီမှာ PSG သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် သွင်းယူခဲ့သည့် ဂိုးမှာ ၁၀၀ပြည့်သွားခဲ့ပြီ ဖြစ်သည်။

ယမန်နေ့က အန်းဂါးစ်အသင်းနှင့် ကစားခဲ့သော ပြင်သစ်လိဂ်ဝမ်းပွဲစဉ်တွင် ကာဗာနီက ပယ်နယ်တီမှာ တစ်ဆင့် ဂိုးသွင်းယူခဲ့ပြီး၊ PSG အတွက် ပြိုင်ပွဲပေါင်းစုံတွင် သွင်းဂိုး ၁၀၀ပြည့်သွားခဲ့ခြင်း ဖြစ်သည်။

သူသည် လွန်ခဲ့သော ၃ရာသီတွင် PSG အတွက် ၈၁ ဂိုး သွင်းပေးခဲ့ပြီး၊ ယခု ရာသီတွင် ၁၉ဂိုး သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

မန်ယူသို့ ပြောင်းရွှေ့ခဲ့သည့် အီဘရာဟင်မိုဗစ်နေရာကို ယူကာ PSG ၏ အဓိက တိုက်စစ်မှုး ဖြစ်နေသူ ကာဗာနီမှာ အသင်းအတွက် တတိယမြောက် ဂိုးအများဆုံး သွင်းပေးထားသူအဖြစ် စံချိန်တင်ခဲ့ကာ သူ့ထက်ပို၍ ဂိုးပိုသွင်းထားနိုင်သူများမှာ ပေါ်လက်တာ(၁၀၉ ဂိုး) နှင့် အီဘရာဟင်မိုဗစ်(၁၅၆ ဂိုး) တို့ ဖြစ်ကြသည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here