Europe News

ဖီဖာအကောင်းဆုံးဆန်ကာတင်စာရင်း

Dec 03 , 2016

၂၀၁၆ အတွက် အကောင်းဆုံးဆုများ ပေးအပ်နိုင်ရန် နောက်ဆုံး ဆန်ကာတင်စာရင်းကို ဖီဖာက ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အကောင်းဆုံး ဘောလုံးသမားဆုအတွက် ရီးရဲလ်မှ စီရိုနယ်ဒို၊ ဘာကာမှ မက်ဆီ၊ အက်သလက်တီကိုမှ ဂရစ်ဇ်မန်းတို့ ပါဝင်နေပြီး အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုအတွက် ဘီရင်ဂါ၊ လွိုက်ဒ်၊ မာတာတို့ ပါဝင်သည်။

အမျိုးသားနည်းပြဆုအတွက် လက်စတာမှ ရေနီယာရီ၊ ပေါ်တူဂီမှ ဆန်းတို့စ်၊ ရီးရဲလ်မှ ဇီဒန်းတို့ ပါဝင်ပြီး၊ အမျိုးသမီး နည်းပြဆု အတွက် အမေရိကန်မှ အဲလစ်၊ ဂျာမနီမှ နိုဒ်၊ ဆွီဒင်မှ ဆန်ဟေ့ခ်ျတို့ ပါဝင်ကြသည်။

ယခု ဆန်ကာတင်စာရင်းမှ ဆုရသူကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တွင် ဇန်န၀ါရီ ၉ရက်နေ့၌ အခမ်းအနားဖြင့် ချီးမြှင့်မည် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here