Asian Cup News

ဆူဇူကီးဖလား ဒုတိယအကျော့ပွဲစဉ်များ

Dec 06 , 2016

၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို ဗီယက်နမ်နှင့် ထိုင်းအသင်းတို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၇ရက်နှင့် ၈ရက်တို့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

ဒီဇင်ဘာ ၇ရက်တွင် ဗီယက်နမ်အသင်းက အိမ်ရှင်အဖြစ် အင်ဒိုနီးရှားအသင်းကို လက်ခံကစားမည် ဖြစ်သည်။ ဒီဇင်ဘာ ၈ရက်တွင် ထိုင်းအသင်းက မြန်မာအသင်းကို အိမ်ရှင်အဖြစ် လက်ခံကစားမည် ဖြစ်သည်။

ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို ဒီဇင်ဘာ၃ရက်နှင့် ၄ရက်တို့တွင် မြန်မာနှင့် အင်ဒိုနီးရှားတို့က အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ ဒီဇင်ဘာ ၃ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော  အင်ဒိုနီးရှားအသင်းမှာ ဗီယက်နမ် အသင်းကို ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီဇင်ဘာ ၄ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပသောပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းမှာ လက်ရှိချန်ပီယံ ထိုင်းအသင်း ကို နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့မှာ ဗိုလ်လုပွဲတက်ရန် အခြေအနေကောင်းများရရှိနေပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၄ရက်နှင့် ၁၇ရက်တို့တွင် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ဆူဇူကီးဖလား ပြိုင်ပွဲတွင် ထိုင်းနှင့် စင်ကာပူတို့က ချန်ပီယံ လေးကြိမ်စီ ရရှိထားပြီး အအောင်မြင်ဆုံးအသင်းများအဖြစ် ရပ်တည်လျက်ရှိသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here