Champions League

ဥရောပရှုံး/ထွက်ပွဲစဉ်များ

Dec 13 , 2016

ဥရောပချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ရှုံး/ထွက်ပွဲစဉ်များကို ယမနနေ့က မဲနှိုက်ရေးဆွဲခဲ့ပြီး ဖြစ်သည်။

ချန်ပီယံလိဂ်တွင် ပရီးမီးယားအသင်းများမှာ ဥရောပထိပ်တန်းအသင်းများနှင့် ဆုံတွေ့နေပြီး အာဆင်နယ်က ဘိုင်ယန်၊ မန်စီးတီးက မိုနာကို၊ လက်စတာက ဆီဗီးလားတို့နှင့် ကစားရမည် ဖြစ်သည်။

အာဆင်နယ်အသင်းမှာ ဘိုင်ယန်နှင့် ၄ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ပရီးမီးယား ချန်ပီယံ လက်စတာမှာ အစမ်းသပ်ခံသဘောမျိုးဖြင့် ယူရိုပါ လိဂ် ချန်ပီယံ ဆီဗီးလားကို ကျော်လွှားနိုင်ရန် ကြိုးစားရဦးမည် ဖြစ်သည်။

အခြားပွဲစဉ်များမှာ ရီးရဲလ်-နာပိုလီ၊ ဘင်ဖီကာ-ဒေါ့မွန်၊ ပေါ်တို-ဂျူဗင်တပ် လေဗာကူဆင်-တီကို၊ PSG-ဘာကာတို့ဖြစ်ပြီး ပထမ အကျော့ကို ဖေဖော်ဝါရီ ၁၄/၁၅၊ ၂၁/၂၂နှင့် ဒုတိယအကျော့ကို မတ်လ ၇/၈၊ ၁၄/၁၅တို့တွင် ကစားရမည် ဖြစ်သည်။

ပရီးမီးယားမှ မန်ယူမှာ ယူရိုပါလိဂ်ရှုံးထွက်တွက် စိန့်အက်တိုင်းနီး၊ စပါးက ဂန့်အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here