EPL News

မန်ယူကို ခွာမည့် ၂ယောက်

Dec 14 , 2016

ယခုရာသီ ပရီးမီးယားပွဲများတွင် ပွဲဦးထွက် ကစားသမားအဖြစ် ကစားခွင့်မရခဲ့သေးသော ဒီပေးနှင့် ရှနိုက်ဒါလင်တို့မှာ လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် မန်ယူကို စွန့်ခွာကြတော့မည်ဟု သိရသည်။

ယနေ့ည ပဲလေ့စ်နှင့် ကစားရမည့်ပွဲတွင်လည်း ပါဝင်နိုင်ဖွယ်မရှိသော ၎င်းတို့ ၂ဦးကို နည်းပြမော်ရင်ဟိုက လွတ်လပ်စွာ ထွက်ခွာ ခွင့်ပြုမည်ဟုလည်း ဆိုသည်။

ဟော်လန်သား အဲဗာတန်နည်းပြ ကိုးမန်းမှာ ဆောက်သင်တန်တွင် ဆရာ၊ တပည့်ဖြစ်ခဲ့ဘူးသူ ရှနိုက်ဒါလင်ကို ခေါ်ယူလိုနေပြီး၊ တစ်နိုင်ငံတည်းသာ ဒီပေးကိုလည်း အငှားစာချုပ်ဖြင့် ခေါ်ခွင့်ရရန် မျှော်လင့်နေကြောင်း သိရသည်။

PSV တွင် ရှိခဲ့စဉ်က ဟော်လန်လိဂ် အကောင်းဆုံး ကစားသမားဆုကို ရခဲ့သော ဒီပေးမှာ မန်ယူသို့ ရောက်လာချိန်တွင် ပုံမှန် ခြေ စွမ်းရရန် များစွာရုန်းကန်ခဲ့ရပြီး၊ ယခုရာသီ မော်ရင်ဟိုလက်ထက်၌ နေရာပျောက်သွားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here