EPL News

အဝေးကွင်းညံ့ဆဲ ချန်ပီယံ

Dec 14 , 2016

ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာမှာ ယမန်နေ့က ပွဲတွင် ဘုန်းမောက်ကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့ပြီး အဝေးကွင်းရလဒ် ညံ့ဖျင်းလွန်း လှသော စံချိန်ကို ဆက်ထိန်းထားဆဲ ဖြစ်သည်။

လက်စတာအသင်းမှာ ယခုရာသီတွင် ပရီးမီးယားအဝေးကွင်းပွဲ ၈ပွဲ၊ ချန်ပီယံလိဂ် အဝေးကွင်းပွဲ ၃ပွဲ ကစားပြီးရာတွင်  ကလပ်ဘရုခ်ျနှင့် ကစားခဲ့သော ချန်ပီယံလိဂ်အဝေးကွင်းပွဲ ၁ပွဲတည်းကိုသာ ၀-၃ဖြင့် အနိုင်ရခဲ့ကာ ကိုပင်ဟေဂင်နှင့် သရေ၊ ပေါ်တိုကို ၅-၀တို့ဖြင့် ရှုံးခဲ့သည်။

ထို့အတူ ပရီးမီးယားအဝေးကွင်း ၈ပွဲတွင် စပါးနှင့် ပွဲတွင်သာ ၁ဂိုးစီသရေကျခဲ့ပြီး၊ ဟောလ်ကို ၂-၁၊ လီဗာပူးကို ၄-၁၊ မန်ယူကို ၄-၁၊ ချဲလ်ဆီးကို ၃-၀၊ ၀တ်ဖို့ဒ်နှင့် ဆန်းဒါးလန်းကို ၂-၁၊ ဘုန်းမောက်ကို ၁-၀ ရလဒ်များဖြင့် အသီးသီး ရှုံးနိမ့်ထားခဲ့သည်။

ပရီးမီးယားသမိုင်းတွင် လက်ရှိ ချန်ပီယံဘ၀ဖြင့် ရာသီအစ အဝေးကွင်း ၇ပွဲတွင် ၁မှတ်သာရခဲ့ကာုလက်စတာ၏ စံချိန်မှာ အဆိုး ဆုံးစံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ကာ လောလောဆယ်တွင် ၁၆ ပွဲ ကစား ၁၆မှတ်ဖြင့် အဆင့် ၁၄ တွင်သာ ရှိနေဆဲ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here