EPL News

မိုဗစ်အကြောင်းပြောတဲ့ ရှီးယား

Dec 15 , 2016

မန်ယူတွင် ဂိုးများသွင်းယူပေးနေသော ဆွီဒင်တိုက်စစ်မှုး အီဘရာဟင်မိုဗစ်မှာ ကမ္ဘာ့အဆင့်ရှိသူဟု ဆိုနိုင်သော်လည်း မက်ဆီ၊ စီရိုနယ်ဒိုတို့နှင် တန်းတူထား၍ မရသေးကြောင်း အင်္ဂလန် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက ပြောဆိုလိုက်သည်။

ယမန်နေ့က ပဲလေ့စ်နှင့် ပွဲတွင် မန်ယူအတွက် အနိုင်ဂိုး သွင်းပေးခဲ့သော မိုဗစ်မှာ ၈ပွဲကစား ၈ဂိုး သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့သို့သော အကြောင်းများကြောင့် ၃၅ နှစ်သား မိုဗစ်ကို အချို့က ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားဟု ခေါ်ဆိုခဲ့ကြပြီး ရှီးယားကမူ မိုဗစ်ကို ချီးကျူးသော်လည်း မက်ဆီ၊ စီရိုနယ်ဒိုတို့နှင့် တန်းမတူသေးကြောင်း မန်ယူအတွက် ကစားခွင့်ရသည့်  အချိန် တိုင်းတွင် ဂိုးရရန် အားကြိုးမာန်တက်ကစားလေ့ရှိသူ မိုဗစ်မှာ အကောင်းဆုံးဆုရ မက်ဆီ၊ စီရိုနယ်ဒိုတို့ကဲ့သို့ အဆင့်မျိုး မဟုတ်သေး ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back EPL News


Advertisement
Here