La-liga News

ရီးရဲလ်က ထွက်မယ့်သူ

Dec 19 , 2016

ရီးရဲလ်တွင် ပုံမှန်နေရာရရန် အာမခံချက်မရှိသောကြောင့် ရိုဒရီဂုဇ်မှာ လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် အခြားအသင်း များထံမှ ကမ်းလှမ်းမှုကို နားစွင့်သွားမည် ဖြစ်သည်။

ကိုလံဘီယာ လက်ရွေးစင် ရိုဒရီဂုဇ်မှာ ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂိုးသွင်းအများဆုံး ရွှေခြေထောက်ဆုကို ရရှိခဲ့ပြီး၊ ယင်းနောက် တွင် ရီးရဲလ်သို့ ရောက်ရှိလာကာ ပထမရာသီအတွင်း လာလီဂါ ၂၉ ပဲကစား၊ ၁၃ဂိုး ရရှိခဲ့သည်။

သို့သော် ယခုရာသီ နည်းပြဇီဒန်းလက်ထက်တွင်  ပုံမှန်ကစားခွင့်မရရှိခဲ့သဖြင့် ၂၅ နှစ်သား ရိုဒရိဂုဇ်မှာ အသင်းပြောင်းရန် စဉ်းစားလာခြင်း ဖြစ်သည်။

ပေါ်တိုကစားသမားဟောင်းဖြစ်သူ ရိုဒရီဂုဇ်အနေနှင့် ကာရှီးမားနှင့် ကစားရသည့် ကမ္ဘာ့ကလပ်များ ချန်ပီယံဖလားပွဲတွင် လူစားဝင်ခွင့်ပင် မရရှိခဲ့ပေ။

သူက ရီးရဲလ်တွင် ပျော်ရွှင်ပါသော်လည်း ပုံမှန်ကစားခွင့်က ပိုအရေးကြီးကြောင်း၊ ကာရှီးမားနှင့် ဗိုလ်လုပွဲတွင် ပါဝင်ကစားခွင့်မ ရခဲ့၍ အတော်ခံစားခဲ့ရကြောင်း၊ ဗိုလ်စွဲခဲ့၍ ၀မ်းသာသကဲ့သို့ မိမိဘ၀အတွက် ၁၅ ခုမြောက်ဖလား ဖြစ်ခဲ့ပါကြောင်း၊ သို့သော် လည်း မိမိရှေ့ရေးအတွက် မိမိအလေးထား စဉ်းစားရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back La-liga News


Advertisement
Here