EPL News

အသက် ၅၀ အထိ ကစားမယ့်သူ

Dec 19 , 2016

နောက်ဆုံး ၉ပွဲတွင် ၁၀ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်သော မန်ယူတိုက်စစ်မှုး အီဘရာဟင်မိုဗစ်က သူ့အနေနှင့် အသက် ၅၀ အရွယ်အထိ ကစားနိုင်ဦးမည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

PSG မှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သော ဆွီဒင်သား မိုဗစ်မှာ ၂၀၁၆-၁၇ ရာသီတွင် ၁၆ ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပြီး ပြိုင် ပွဲပေါင်းစုံ နောက်ဆုံး ၉ပွဲတွင် ၁၀ ဂိုး သွင်းထားနိုင်သူ ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် မိုဗစ်က လက်ရှိအချိန်တွင် မိမိ ပျော်ရွှင်နေသကဲ့သို့ ကြံ့ခိုင်ရေးတွင်လည်းကောင်းနေဆဲဖြစ်ကြောင်း၊ အသက် ၃၅ နှစ်ရှိနေပြီဖြစ်သော်လည်း အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ကဲ့သို့ပင် ထင်မှတ်နေမိကြောင်း၊ ထိုအတိုင်းသာ ဆိုလျှင် မိမိ အသက် ၅၀ အရွယ်ထိ ကစားသွားနိုင်မည်ဟု ထင်ပါကြောင်း ပြောဆိုသွားခဲ့သည်။

မန်ယူအသင်းမှာ လာမည့် တနင်္လာနေ့ Boxing Day ပွဲစဉ်တွင် ဆန်းဒါးလန်းကို ဧည့်ခံကစားရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here