EPL News

ဖယ်လာနီကို မီလန်ခေါ်လို

Dec 20 , 2016

မန်ယူ ကွင်းလယ်ကစားသမား ဖယ်လာနီကို  မီလန်အခြေစိုက် အင်တာနှင့် အေစီမီလန်အသင်းတို့က ခေါ်ယူလိုနေကြောင်း သိရ သည်။

ဖယ်လာနီမှာ သူ၏ အမြွှာညီအစ်ကိုဖြစ်သူ မန်ဆာနှင့် အတူ လွန်ခဲ့သော တနင်္လာနေ့က မီလန်သို့ ရောက်နေသည်ကို တွေ့ခဲ့ရပြီး လာမည့် ဇန်န၀ါရီတွင် အသင်းပြောင်းနိုင်သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

ဖယ်လာနီမှာ ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပဲ အမှာများမှုနှင့် ပြစ်ဒဏ်မကြာခဏ အပေးခံရမှုတို့ကြောင့် အများအားဖြင့် လူစားဝင် ကစားသမားအဖြစ်သာ ကစားနေသူ ဖြစ်သည်။

ဘယ်လ်ဂျီယံသား ဖယ်လာနီကို လွန်ခဲ့သော နွေရာသီကပင် လိုချင်နေခဲ့သော မီလန်က တစ်ပတ်လုပ်ခပေါင် ၁၂၀၀၀၀ ကို သဘောတူလိမ့်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

U Myo Thant

<< Back EPL News


Advertisement
Here