EPL News

အယူခံဝင်သော ဗာဒီ

Dec 20 , 2016

စတုတ်နှင့် ၂ဂိုးစီ သရေကျသော ပွဲစဉ်တွင် ရခဲ့သော တိုက်စစ်မှုး ဗာဒီ၏ အနီကတ်ပြစ်ဒဏ်အတွက် လက်စတာအသင်းက အယူခံ တင်ထားကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင် ၂၉ နှစ်သား ဗာဒီမှာ စတုတ်မှ ဒီအော့ဖ်ကို ခြေစုံပစ်ဝင်ခဲ့သဖြင့် ပွဲချိန် ၂၈ မိနစ်တွင် တိုက်ရိုက်အနီကတ် အပြခံခဲ့ရခြင်း ဖြစ်သည်။

ဗာဒီအနေနှင့် ဘောလုံးယှဉ်လုစဉ် ဘောလုံးကို ရခဲ့သော်လည်း ဒီအော့ဖ်ကို စုံကန်သကဲ့သို့ ဖြစ်သွားခဲ့ခြင်းကြောင့် အနီကတ် အပြခံရခြင်းဖြစ်ပြီး ပြစ်ဒဏ်သာ အတည်ဖြစ်ခဲ့ပါက ဗာဒီမှာ အဲဗာတန်၊ ၀က်စ်ဟမ်း၊ မစ်ဒယ်ဘရော့တို့နှင့် ကစားရမည့် ပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း ဒုတိယအကြိမ် အနီကတ်ရခဲ့သည့် ဗာဒီနှင့် ပတ်သက်၍ လက်စတာ နည်းပြ ရေနီယာရီက ဗာဒီ မှာ ဘောလုံးရရေးအတွက် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိဟု ပြောဆိုခဲ့သည်။

 

U Myo Thant

<< Back EPL News


Advertisement
Here