La-liga News

ပြစ်ဒဏ်လျှော့ခံရသော ရီးရဲလ်

Dec 21 , 2016

အသက် ၁၈ နှစ်အောက် နိုင်ငံခြားသား ကစားသမားများခေါ်ယူရာတွင် သတ်မှတ်ထားသောစည်းမျဉ်းအချို့ကို ဖောက်ဖျက်ခဲ့ မှုကြောင့် အပြောင်းအရွှေ့ကာလ ၂ ခုတွင် ကစားသမားအပြောင်းအရွှေ့မရှိ ဟု အမိန့်ချခံထားခဲ့ရသော ရီးရဲလ်ကို အယူခံကြောင့် ကမ္ဘာ့အားကစားဆိုင်ရာ တရားရုံးက ပြစ်ဒဏ်ထက်ဝက်လျှော့ချပေးလိုက်ပြီ ဖြစ်သည်။

ဖီဖာက ချထားခဲ့သော ပြစ်ဒဏ်ကို တရားရုံးက ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ပြီး ယခုလာမည့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားများကို လွတ်လပ်စွာ ခေါ်ယူထုတ်ရောင်းခွင့်ရမည် ဖြစ်သည်။

တရားရုံးက ဒဏ်ငွေကိုလည်း ပေါင် ၂၈၂၀၀၀မှ ၁၈၈၀၀၀ သို့ လျှော့ချပေးခဲ့သည်။

အသက် ၁၈ နှစ်အောက် နိုင်ငံခြားသား ကစားသမားများ ခေါ်ယူရာတွင် စည်းမျဉ်းချိုးဖောက်မှုကြောင့် ဖီဖာက မက်ဒရစ်မြို့ခံ ရီးရဲလ်နှင့် အက်သလက်တီကို ၂သင်းလုံးကို ပြစ်ဒဏ်ချထားခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကို၏ အယူခံနှင့် ပတ်သက်၍မူ ထူးခြားခြင်း မရှိသေးပေ။

U Myo Thant

<< Back La-liga News


Advertisement
Here