EPL News

ပိုအောင်မြင်ချင်တဲ့ အမ်ခီတာရန်

Dec 22 , 2016

အာမေးနီးယားနိုင်ငံအတွက် ၁နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်မြောက်ရရှိခဲ့ပြီဖြစ်သော မန်ယူ ကွင်းလယ်လူ အမ်လီတာရန်က သူ့အနေနှင့် မန်ယူ ကစားသမားအဖြစ်နှင့် ဆုဖလားများစွာ ရယူလိုသေးကြောင်း ပြောဆိုလိုက်သည်။

၂၇ နှစ်သား အမ်လီတာရန်မှာ အာမေနီးယားအတွက် အကောင်းဆုံး ကစားသမားဆု ၆ကြိမ် ရခဲ့ပြီးသည့်နောက် ဒေါ့မွန်မှ မန်ယူ သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရာသီအစပိုင်းတွင် နေရာမရခဲ့သော်လည်း ယခုအခါ မန်ယူအတွက် အရေးပါသော ကစားသမားစာရင်း ထဲတွင် ပါဝင်လာပြီ ဖြစ်သည်။

ယမန်နေ့က အကောင်းဆုံး ကစားသမားဆုပေးပွဲတွင် ဂါဇာရန်ကို ကျော်ဖြတ်ကာ အကောင်းဆုံးဆုကို ၇ကြိမ်မြောက် ရခဲ့သူ အမ်ခီတာရန်က ဇိုရာ၊ စပါးတို့နှင့် ကစားရသောပွဲများတွင် အရေးပါသော ဂိုးများကို သွင်းယူနိုင်ခဲ့ပြီးနောက် မန်ယူပရိသတ်များ အကြိုက် အရေးပါသော ကစားသမားတစ်ဦးဘ၀ကို ရရှိလာခဲ့သူ ဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here