Europe News

လက်ထောက်နည်းပြခန့်တဲ့ အင်္ဂလန်

Dec 22 , 2016

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် ချဲလ်ဆီးလက်ထောက်နည်းပြ စတိဗ်ဟော်လန်ကို အင်္ဂလန်အသင်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသက် ၄၆ နှစ်အရွယ် ဟော်လန်မှာ ယခုရာသီကုန်သည်အထိ ချဲလ်ဆီးနှင့် အင်္ဂလန်အသင်းတာဝန်များကို မျှဝေထမ်းဆောင် သွားမည်ဖြစ်ပြီး ရာသီကုန်မှစ၍ အင်္ဂလန်လက်ထောက်နည်းပြအဖြစ် အချိန် ပြည့် တာဝန်ယူသွားမည် ဖြစ်သည်။

သူသည် ၂၀၁၃ ဩဂုတ်လမှစ၍ အင်္ဂလန် ယူ-၂၁ အသင်း လက်ထောက်နည်းပြအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပြီး ထိုစဉ်က ယူ-၂၁ နည်းပြ ဆောက်ဂိတ်မှာ ယခုအခါ အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ထားခံရသူဖြစ်ကာ အသင်းကြီး တွင် ပြန်လည်ဆုံတွေ့ကြမည် ဖြစ်သည်။

ဟော်လန်ကို လက်ထောက်နည်းပြ ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ဆောက်ဂိတ်က ၀မ်းသာစကားဆိုခဲ့ပြီး အကြောင်း သိနှစ်ယောက် ပြန်ဆုံခြင်းကြောင့် အသင်းကောင်းကျိုးကို ပိုမိုထမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွား ခဲ့သည်။

 

U Myo Thant




<< Back Europe News


Advertisement
Here