EPL News

မိုဗစ်ကို စိုးရိမ်တဲ့ မော်ရင်ဟို

Dec 31 , 2016

၂၀၁၆ ဇန်န၀ါရီမှ ဒီဇင်ဘာအထိ ၁နှစ်အတွင်းတွင် ၅၂ ဂိုး သွင်းကာ မက်ဆီ၊ စီရိုနယ်ဒိုတို့ထက် ဂိုးအရေအတွက် ပိုများခဲ့သော မန်ယူတိုက်စစ်မှုး မိုဗစ်မှာ ဥရောပထိပ်တန်းလိဂ် ၅ခုတွင် အကောင်းဆုံး တိုက်စစ်သမားအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး မိုဗစ် ဒဏ်ရာရမည်ကို စိုးရိမ်မိကြောင်း နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

မိုဗစ်မှာ ၂၀၁၆-၁၇ ရာသီအနေနှင့် တွက်လျှင် ပရီးမီးယားလိဂ်ဂိုး ၁၂ဂိုး သွင်းယူပေးထားပြီဖြစ်ပြီး မော်ရင်ဟိုကမူ မိုဗစ်နေရာ အတွက် အရန်အဖြစ်ထားနိုင်ရန် ကစားသမားသစ်ကို ယခု ဇန်န၀ါရီတွင် ခေါ်ယူမည် မဟုတ်ဟု ဆိုသည်။

မော်ရင်ဟိုက မိမိတို့အနေနှင့် ပြိုင်ပွဲများစွာ ကစားရန်ရှိနေသော်လည်း တိုက်စစ်ပိုင်း ထပ်ဖြည့်ရန် အစီအစဉ်မရှိကြောင်း ပြောဆို  ခဲ့သည်။

မန်ယူအသင်းမှာ ယနေ့ညတွင် မစ်ဒယ်ဘရော့အသင်းနှင့် အိမ်ကွင်းပွဲ ကစားရန်ရှိနေပြီး အသင်းကပ္ပတိန် ရွန်းနီမှာ ဒဏ်ရာကြောင့် ပါဝင်မည် မဟုတ်ပေ။

U Myo Thant

<< Back EPL News


Advertisement
Here