La-liga News

ထုတ်ပယ်ခံရသော ပရန်ဒယ်လီ

Dec 31 , 2016

စပိန် လာလီဂါကလပ် ဗလင်စီယာအသင်းမှာ နည်းပြ ပရန်ဒယ်လီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

အီတလီ နည်းပြဟောင်း ပရန်ဒယ်လီမှာ အသင်းကို ၁၀ပွဲသာ ကိုင်တွယ်ခဲ့ရပြီး အသင်းအနေနှင့် တန်းဆင်းဇုန်အပြင်တွင် ရှိနေသော်လည်း အမှတ်တူဂိုးကွာခြားချက်အရသာ ရပ်တည်နေခြင်းကြောင့် စိတ်မချရသော အခြေအနေဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်ဟောင်း ဂယ်ရီနဗီးလ်မှာ ဗလင်စီယာကို ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကိုင်တွယ်ခွင့်ရခဲ့သော်လည်း ၄လအကြာ ၂၀၁၆ မတ်လတွင် ထုတ်ပယ်ခံခဲ့ရသည်။

ယင်းနောက် အေရက်စ်တာရန်က ဆက်ခံခဲ့သော်လည်း စက်တင်ဘာလတွင် ထုတ်ပယ်ခံရပြန်ပြီး နောက်ဆုံးတွင် ပရန်ဒယ်လီ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

ယာယီနည်းပြအဖြစ် ယခင်က ၄ကြိမ်အထိ ကိုင်တွယ်ခဲ့ရသူ ဗိုရိုက ယခုလည်း ယာယီနည်းပြအဖြစ် ပြန်လည်တာဝန်ယူရဦး မည်ဖြစ်ပြီး နည်းပြသစ်အတွက် ရှာဖွေရဦးမည် ဖြစ်သည်။

ဗလင်စီယာအသင်းမှာ ၁၉၃၁မှစ၍ နှစ်ပေါင်း ၈၅ နှစ်အတွင်း လာလီဂါ၌ ကစားခွင့်မရသည်မှာ  ၁ရာသီသာ ရှိခဲ့သော အသင်းဖြစ် သည်။

U Myo Thant




<< Back La-liga News


Advertisement
Here