EPL News

တရုတ်ကိုငြင်းခဲ့တဲ့ ဆမ်

Dec 31 , 2016

ခရစ္စတယ်ပဲလေ့စ်နည်းပြဖြစ်လာသည့် ဆမ်အလာဒိုက်စ်က သူ့ကို တရုတ်စူပါလိဂ်ကလပ်မှ လစာငွေများစွာနှင့် ကမ်းလှမ်းခဲ့သော် လည်း ငြင်းပယ်ခဲ့ကြောင်း ပြောဆိုလိုက်သည်။

ဆမ်အလာဒိုက်စ်မှာ အင်္ဂလန်အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် ပဲလေ့စ်ကို ကိုင်တွယ်ခွင့်ရလာသူဖြစ်ပြီး တရုတ်စူပါ လိဂ်ကလပ်များမှာ နာမည်ကြီး နည်းပြနှင့် ကစားသမားများကို ငွေကြေးပုံပေး၍ ခေါ်ယူလျက်ရှိကာ ချဲလ်ဆီးမှ အော်စကာမှာ ပေါင် သန်း ၆၀ ဖြင့် ရှန်ဟိုင်းကလပ်၏ ကမ်းလှမ်းခြင်းကို ခံခဲ့ရသည်။

ဟောလ်ခ်၊ မာတီနက်စ်၊ တိုင်စီရာအစရှိသော ကစားသမားများမှာလည်း လစာများစွာဖြင့် တရုတ်သို့ ရောက်ရှိနေခဲ့ကြပြီး အာဂျင်တီးနား တိုက်စစ်မှုး တီဗက်ဇ်မှာလည်း ကမ္ဘာ့လစာအများဆုံး ကစားသမားအဖြစ် ရှန်ဟိုင်းကလပ်သို့ ရောက်နေပြီ ဖြစ်  သည်။

ရီးရဲလ်စတား စီရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၆၀၊ တစ်ပတ်လုပ်ခ ပေါင် ၁၆ သိန်းဖြင့် ခေါ်ရန် ကမ်းလှမ်းမှုမှာ လည်း ဘောလုံးပရိသတ်များအတွက် စိတ်ဝင်စားစရာသတင်း တစ်ပုဒ် ဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here