EPL News

ပွဲစဉ်ကိုဝေဖန်တဲ့ ဆမ်

Jan 02 , 2017

တနင်္ဂနွေညတွင် အာဆင်နယ်နှင့် အဝေးကွင်းပွဲ ကစားခဲ့ရပြီးနောက် အင်္ဂါည၌ ဆွမ်ဆီးကို ရင်ဆိုင်ရဦးမည့် ပွဲစဉ်ဇယားနှင့် ပတ်သက်၍ ခရစ္စတယ်ပဲလေ့စ် နည်းပြ ဆမ်အလာဒိုက်စ်က ဝေဖန်ပြောဆို လိုက်သည်။

နည်းပြအဖြစ် ပထမဆုံး တာဝန်ယူရသည့်ပွဲတွင် အာဆင်နယ်ကို ၂-၀ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် တန်းဆင်းဇုန်နှင့် ၂မှတ်အကွာ အဆင့် ၁၇ ၌သာ ရှိနေသော ပဲလေ့စ်နှင့် ပတ်သက်၍ ဆမ်က "ဆွမ်ဆီးဟာ ကျနော် တို့ထက် တစ်ရက်ပိုနားခွင့်ရထားတဲ့ အသင်းပါ။ ဒီတော့ ကျနော့် ကစားသမားတွေ ကြံ့ခိုင်မှု ပိုရစေဖို့ ဗုဒ္ဓဟူးနေ့မှ ကစားခိုင်းလည်းရလျက်နဲ့ အင်္ဂါည ကစားရတာ အတော်ဆိုးပါတယ်" ဟု ပြောဆိုခဲ့သည်။

ယင်း အင်္ဂါညတွင် ကစားမည့် ၃ပွဲတွင် ဘုန်းမောက်၊ ဆွမ်ဆီး၊ စတုတ်အသင်းများမှာ စနေညတွင် ကစားခဲ့သော အသင်းများဖြစ်ပြီး ပဲလေ့စ်၊ ၀တ်ဖို့ဒ်၊ အာဆင်နယ်အသင်းများမှာ တနင်္ဂနွေနေ့က ကစားခဲ့ သော အသင်းများ ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here