EPL News

အဆင့် ၄ ရောက်လာသော စပါး

Jan 02 , 2017

၎ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော စပါးအသင်းမှာ အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဆင့် ၄ သို့ ရောက်ရှိ လာပြီ ဖြစ်သည်။

ယမန်နေ့က ၀တ်ဖို့ဒ်နှင့် ကစားခဲ့သော အဝေးကွင်းပွဲစဉ်တွင် စပါးမှာ ၁-၄ ဖြင့် အနိုင်ရခဲ့ပြီး ပထမပိုင်းမှာပင် ၃ဂိုးပြတ်ဖြင့် ဦးဆောင်နေခြင်း ဖြစ်သည်။

ဂိုးများကို ကိန်းနှင့် အလီတို့က ၂ဂိုးစီ သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး လာမည့် ဗုဒ္ဓဟူးညတွင် ချဲလ်ဆီးနှင့် အိမ်ကွင်းပွဲ ကစားရ မည် ဖြစ်သည်။

ချဲလ်ဆီးအသင်းမှာ စပါးနှင့် ၁၀ မှတ်အကွာ၊ ဇယားထိပ်မှ ဦးဆောင်နေသည့် အသင်းဖြစ်ပြီး ဒုတိယနေရာမှ လီဗာပူးထက်လည်း ၆ မှတ်အသာစီးရထားသော အသင်းဖြစ်သည်။

ထို့အပြင် ချဲလ်ဆီးမှာ ပရီးမီးယား ၁၃ပွဲ ဆက်တိုက် အနိုင်ရသည့် စံချိန်တင်ထားပြီး အကယ်၍ စပါးသာ ရှုံးနိမ့်ခဲ့ပါက အမှတ်ပိုဖြတ်၍ ဦးဆောင်ခွင့်ရသွားနိုင်မည် ဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here