EPL News

ကြိုးစားခဲ့သော ဆန်းဒါးလန်း

Jan 03 , 2017

ရှုံးပွဲများကြောင့် တန်းဆင်းဇုန်မှ မလွတ်နိုင်သေးသော်လည်း ဆန်းဒါးလန်းမှ အဆင့် ၂မှ လီဗာပူးနှင့် ယှဉ်ပြိုင်ကစားရာတွင် အထူး ကြိုးစားသွားခဲ့ပြီး သရေတစ်မှတ် ရရှိခဲ့သည်။

ပရီးမီးယား ၄ပွဲဆက် နိုင်ထားသော လီဗာပူးမှာ ယခုပွဲအစတွင်ပင် အိမ်ရှင် ဆန်းဒါးလန်းကို ဖိကစားနိုင်ခဲ့ပြီး ၁၉ မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့သည်။

သို့သော် ၂၆ မိနစ်တွင် ဆန်းဒါးလန်းမှ ဒီဖိုးက ပယ်နယ်တီမှ တစ်ဆင့် ချေပဂိုးသွင်းခဲ့ပြီး ပထမပိုင်းတွင် သရေကျနေခဲ့သည်။

ဒုတိယပိုင်း ၇၂ မိနစ်တွင် မာနီက လီဗာပူးအတွက် ဦးဆောင်ဂိုး ပြန်သွင်းခဲ့သော်လည်း ဒီဖိုးကပင် ပယ်နယ်တီမတစ်ဆင့် ဆန်းဒါးလန်းအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ကာ တစ်မှတ်သာရရှိခဲ့ခြင်း ဖြစ်သည်။

လီဗာပူးမှာ ယခု သရေပွဲကြောင့် ဇယားထိက်နှင့် တစ်ပွဲပို၊ ၅မှတ်အကွာတွင် ရှိနေပြီး၊ ဆန်းဒါးလန်းက အဆင့် ၁၇၊ ပဲလေ့စ်ထက် ၁ပွဲပို ၁မှတ်လျော့ အဆင့် ၁၈ တွင် ရှိနေသည်။

U Myo Thant

<< Back EPL News


Advertisement
Here