EPL News

နည်းပြခန့်သော ဟောလ်စီးတီး

Jan 06 , 2017

ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးသို့ ရောက်ရှိနေသော ဟောလ်စီးတီးအသင်းသည် မိုက်ဖီလန်ကို နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးနောက် မာကို ဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသက် ၃၉ နှစ်ရှိပြီဖြစ်သော ဆေးလ်ဗားမှာ ပေါ်တူဂီသားတစ်ဦးဖြစ်ပြီး ဂရိကလပ် အိုလံပီယာကော့စ်ကို လွန်ခဲ့သော နွေအထိ ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

နောက်ခံ ကစားသမားတစ်ဦးဖြစ်ခဲ့သူ ဆေးလ်ဗားမှာ ပေါ်တူဂီ ဒုတိယတန်းကလပ် အက်စတိုရီတွင် ကာလကြာရှည် ကစားခဲ့ သူဖြစ်ပြီး ထိုကလပ်နှင့်ပင် နည်းပြဘ၀ စတင်ခဲ့သူ ဖြစ်သည်။

ဆေးလ်ဗားမှာ ဟောလ်ကို ဆွမ်ဆီးနှင့် ကစားရမည့် FA ဖလား တတိယနေ့ ပွဲစဉ်မှစ၍ ကိုင်တွယ်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here