EPL News

ပြန်ကစားမည့် ဟန်ဒါဆင်

Jan 07 , 2017

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆင်မှာ ဒဏ်ရာသက်သာလာပြီဖြစ်သဖြင့် ယခုလအတွင်း မန်ယူနှင့် ကစားရမည့် ပရီးမီးယား ပွဲတွင် ပြန်လည်ပါဝင်မည် ဖြစ်သည်။

၂၆ နှစ်သား ဟန်ဒါဆင်မှာ မန်စီးတီးကို ၁-၀ဖြင့် နိုင်ခဲ့သောပွဲတွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ဆန်းဒါးလန်း၊ ပလိုင်းမောက်၊ ဆောက်သင်တန်ပွဲများကို လွဲချော်ကာ ၁၅ရက်နေ့ မန်ယူနှင့် ပွဲတွင်မူ ပြန်ကစားမည် ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်ဖြစ်သူ ဟန်ဒါဆင်နှင့် ပတ်သက်၍ လီဗာပူးနည်းပြ ကလော့ပ်က "သူပြန်ကစားနိုင်တော့မယ်ဆိုတာ တကယ့် သတင်းကောင်းပါ။ ပလိုင်းမောက်နဲ့ FA ဖလားပွဲ၊ ဆောက်သင်တန်နဲ့ ပရီးမီးယားပွဲတွေမှာ  မပါနိုင်ပေမယ့် မန်ယူနဲ့ အဝေးကွင်းပွဲ မှာ ပါလာမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

 

U Myo Thant

<< Back EPL News


Advertisement
Here