EPL News

သက်တမ်းတိုးမည့် ၂ယောက်

Jan 07 , 2017

အာဆင်နယ်အသင်းနည်းပြ ၀င်းဂါးက သူ့အနေနှင့် မကြာမီအချိန်အတွင်း ကာဇိုလာနှင့် မာဆီဆက်ကာတို့ကို သက်တမ်းတိုးသွား ရန်ရှိကြောင်း ပြောဆိုလိုက်သည်။

အသက် ၃၂ နှစ်အရွယ် ကာဇိုလာမှာ စပိန် လာလီဂါကလပ် အက်သလက်တီကိုသို့ ပြန်ပြောင်းလိမ့်မည်ဟု သတင်းကြီးနေပြီး မာတီဆက်ကာမှာလည်း အသင်းဟောင်းများဖြစ်သော ဘရီမင်နှင့် ဟန်နိုဗာ တို့သို့ ပြောင်းရန်စိတ်ကူးနေသည်ဟု ဆိုသည်။

သို့သော် နည်းပြ၀င်းဂါးမှာ ၎င်းကစားသမား ၂ယောက်ကို အနည်းဆုံး နောက်တစ်ရာသီ ခေါ်ယူထားနိုင်ရန် ကြံစည်နေပြီး သက် တမ်းတိုးမည့်အကြောင်း ပြောဆိုလာခြင်း ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here