Europe News

အကောင်းဆုံးစာရင်းမပါသူများ

Jan 09 , 2017

နာမည်ကြီးကစားသမားများဖြစ်ကြသော ပိုဂဘာ၊ နေမာနှင့် ဂိုးသမား ဘူဖွန်တို့မှာ ၂၀၁၆ ဖီဖာပအကောင်းဆုံး ၁၁ဦး လူစာရင်း တွင် ပါဝင်ခဲ့ခြင်း မရှိပေ။

ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားအဖြစ်လွန်ခဲ့သော နွေတွင် ဂျုဗင်တပ်မှ မန်ယူသို့ ယူရို သန်း ၁၀၀ ဖြင့် ရောက်ရှိလာသော ပိုဂဘာမှာ ထောက်ခံမဲ ၂မဲသာ ရရှိသဖြင့် အကောင်းဆုံး ၁၁ ဦးစာရင်းနှင့် လွဲချော်ခဲ့ရပြီး ပိုဂဘာ၏ ဂျူဗင်တပ် အသင်းဖော်ဟောင်း ဂိုးသမား ဘူဖွန်မှာလည်း ရွေးချယ်ခံရခြင်း မရှိခဲ့ပေ။

ထို့အတူ ဘာစီလိုနာနှင့် လာလီဂါဖလား၊ စပိန်ဘုရင့်ဖလားတို့ ရခဲ့သော နေမာမှာလည်း အကောင်းဆုံး တိုက်စစ်မှုးစာရင်းတွင် မပါဝင်ကြောင်း တွေ့ရသည်။

ဖီဖာအကောင်းဆုံးဆုများကို ယနေ့ညတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်၌ ဆုပေးပွဲနှင့် အတူ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အကောင်း ဆုံး ဘောလုံးသမားဆုရရန် စီရိုနယ်ဒိုက ထိပ်ဆုံးမှ ရေပန်းစားလျက် ရှိနေသည်။

ယမန်နှစ်က ရွေးချယ်ခံရသော အကောင်းဆုံး ၁၁ဦးစာရင်းမှာ နူအာ၊ အဲလ်ဗက်စ်၊ ရာမို့စ်၊ ဆေးလ်ဗား၊ ပိုဂဘာ၊ မာဆယ်လို၊ မိုဒရစ်၊ အင်နစ္စတာ၊ စီရိုနယ်ဒို၊ မက်ဆီနှင့် နေမာတို့ ဖြစ်ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here