EPL News

စံချိန်သစ်နှင့် ရွန်းနီ

Jan 09 , 2017

ရီးဒင်းနှင့် ကစားခဲ့သော FA ဖလားပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သော မန်ယူအသင်းခေါင်းဆောင် ရွန်းနီမှာ ယခင်က ဆာဘော်လီ ချာလ်တန်တင်ထားခဲ့သော မန်ယူအတွက် ဂိုးအများဆုံးသွင်းထားသော စံချိန်ကို လိုက်မီသွားပြီဖြစ်သဖြင့် လာမည့် ပွဲများတွင် ဂိုး ထပ်မံသွင်းယူနိုင်ပါက မန်ယူအတွက် စံချိန်သစ်ရှင်အဖြစ် မှတ်တမ်းဝင်တော့မည် ဖြစ်သည်။

ဆာဘော်လီ ချာလ်တန်မှာ ၁၉၅၆ မှ ၁၉၇၃အထိ ၁၇ နှစ်အတွင်း  မန်ယူအတွက် ၇၅၈ ပွဲ ကစား ၂၄၉ ဂိုး သွင်းယူခဲ့ကာ ရွန်းနီ က ၂၀၀၄ မှ ၂၀၁၇ အထိ ၅၄၃ ပွဲကစား ၂၄၉ ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရွန်းနီ၏ ဂိုးများထဲတွင် ပထမပိုင်း၌ သွင်းဂိုး ၁၀၉ ဂိုး၊ ဒုတိယပိုင်း သွင်းဂိုး ၁၄၀ ဖြစ်ပြီး၊ ပယ်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့သည် မှာ ၂၆ ဂိုး ဖြစ်သည်။

ထို့အပြင်  အိမ်/အဝေးကွင်းဖြင့် တွက်ပါက အိမ်ကွင်းတွင် ၁၃၆ ဂိုး၊ အဝေးကွင်းတွင် ၁၀၅ ဂိုး သွင်းယူခဲ့ကာ ၈ ဂိုးမှာ ကြားကွင်း တွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။

အသက် ၁၈ နှစ်အရွယ် ဖီနာဘီချီနှင့် ကစားရသော ချန်ပီယံလိဂ်ပွဲတွင် ပထမဆုံး ဟက်ထရစ်ရခဲ့သော ရွန်းနီမှာ ပရီးမီးယား ပြိုင်ဘက်များထဲတွင် အက်စတန်ဗီလာအပေါ် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ပြီး၊ လက်ရှိ ပရီးမီးယားအသင်းများထဲ၌ ရွန်းနီ ဂိုးမသွင်း ယူဖူးသော အသင်းမှာ လက်စတာ ဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here