MNL News

ယူ-၁၄ နည်းပြအဖြစ် အယ်လ်နီကင်ဖက်ဒရစ်ကို ခန့်အပ်

Jan 10 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြင်သစ်နိုင်ငံသား အယ်လ်နီကင်ဖက်ဒရစ်ကို မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်း၏ ဂိုး နည်းပြနှင့် လက်ထောက်နည်းပြအဖြစ် ယမန်နေ့နံနက်ပိုင်းတွင် တစ်နှစ်သက် တမ်းရှိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရသည်။

စာချုပ်တွင် အယ်လ်နီကင်ဖက်ဒရစ်အနေဖြင့် ဇန်န၀ါရီလမှစ၍ မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်း၏ ဂိုးနည်းပြနှင့် လက်ထောက် နည်းပြအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းနည်းပြအဖြစ် ပြင်သစ်နိုင်ငံသား  ရာဘာရှ့်ဘန်လာဘီနှင့် တွဲဖက်လုပ်ကိုင် မည် ဖြစ်သည်။

အယ်လ်နီကင်ဖက်ဒရစ်သည် UEFA (B) Goalkeeper လိုင်စင်ရ နည်းပြတစ်ဦးဖြစ်ပြီး နည်းပြအဖြစ် အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံတို့ရှိ ဘောလုံးအကယ်ဒမီများ၌ လုပ်ကိုင်ဖူးသူဖြစ်ကြောင်း သိရ သည်။

U Myo Thant




<< Back MNL News


Advertisement
Here