EPL News

မဲမရသော ထို ၃ဦး

Jan 10 , 2017

၂၀၁၆ ဖီဖာအကောင်းဆုံးနည်းပြဆုအတွက် မဲပေးခဲ့ကြရာတွင် မော်ရင်ဟို၊ ၀င်းဂါးနှင့် ကွန်တီတို့မှာ မဲပေးမှု မခံခဲ့ကြရကြောင်း သိရသည်။

နိုင်ငံအသင်းနည်းပြများနှင့် အသင်းခေါင်းဆောင်များက အကောင်းဆုံးနည်းပြဆုအတွက် မဲပေးခဲ့ကြရာတွင် ၂၀၁၆ ၌ အံ့ဩဖွယ်ရာ ပရီးမီးယားချန်ပီယံဖြစ်ခဲ့သော လက်စတာမှ နည်းပြ ရေနီယာရီကို အများဆုံးမဲပေးခဲ့ကြပြီး အီတလီသား ရေနီယာရီမှာ မဲစုစုပေါင်း ၏ ၂၂.၆% ရရှိသွားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မော်ရင်ဟိုက ချဲလ်ဆီး၊ ၀င်းဂါးက အာဆင်နယ်၊ ကွန်တီက အီတလီအသင်းများကို ကိုင်တွယ်ခဲ့ကြပြီး  ၂၀၁၆-၂၇ ရာသီတွင် မော်ရင်ဟိုက မန်ယူ၊ ၀င်းဂါးက အာဆင်နယ်၊ ကွန်တီက ချဲလ်ဆီးတို့ကို ကိုင်တွယ်နေပြီ ဖြစ်သည်။

ရီးရဲလ်မှ ဇီဒန်းမှာ မဲစုစုပေါင်း၏ ၁၆.၅၆ %ဖြင့် ဒုတိယ၊ ပေါ်တူဂီမှ ဆန်းတို့စ်က ၁၆.၂၄%ဖြင့်၊ တတိယနေရာတို့တွင် အရွေးခံ ခဲ့ရသည်။

ယခု မန်စီးတီးနည်းပြ ဂွာဒီယိုလာနှင့် လီဗာပူးနည်းပြ ကလော့ပ်တို့မှာလည်း မဲအရေများသော နည်းပြများ ဖြစ်ခဲ့ကြသည်။

U Myo Thant

<< Back EPL News


Advertisement
Here