Europe News

အကောင်းဆုံးဆုရသော စီရိုနယ်ဒို

Jan 10 , 2017

၂၀၁၆ ခုနှစ်အတွက် ဖီဖာအကောင်းဆုံးဘောလုံးသမားဆုကို ရေပန်းစားနေသော စီရိုနယ်ဒိုကပင် ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တွင် ကျင်းပသော ဖီဖာအကောင်းဆုံးဆုများ ချီးမြှင့်ပွဲတွင် အကောင်းဆုံးဘောလုံးသမားဆုကို စီရိုနယ်ဒို က မက်ဆီ၊ ဂရစ်ဇ်မန်းတို့ကို ကျော်ဖြတ်ကာ ရရှိသွားခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း ချန်ပီယံလိဂ်နှင့် ယူရို ၂၀၁၆ ဖလားတို့ကို ရခဲ့သည့် ၃၁ နှစ်သား စီရိုနယ်ဒိုမှာ  ရွှေဘောလုံးဆုကိုလည်း ရရှိ ခဲ့ပြီ ဖြစ်သည်။

အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို အမေရိကန်မှ ကာလီလွိုဒ်က ရရှိခဲ့ပြီး၊ အကောင်းဆုံး နည်းပြဆုကို လက်စတာ အား ပရီးမီးယား ချန်ပီယံဖြစ်စေခဲ့သူ ရေနီယာရီက ရရှိခဲ့သည်။

အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို ဂျာမနီနည်းပြ ဆီဗီယာ နိဒ်က ရရှိခဲ့ပြီး၊ Fair Play ဆုကို ကိုလံဘီယာကလပ် အက်သလက်တီကိုနေရှင်နယ်က ရရှိခဲ့သည်။ ယင်းအသင်းမှာ တောင်အမေရိက ချန်ပီယံလိဂ်ဆုကိုရရှိရန် အခွင့်အရေးအစား ၎င်းတို့နှင့် ဗိုလ်လုပွဲ ပ/ကျော့ ယှဉ်ပြိုင်ရန်ရှိနေစဉ် လေယာဉ်ပျက်ကျ၍ ကစားသမား ၁၉ ဦးသေဆုံးခဲ့ရသော ဘရာဇီးကလပ် ချာပီကွန်စီကို ထိုဆုဖလားအား လွှဲပြောင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here