FA Cup News

FA ဖလား စတုထ္ထဆင့်ပွဲစဉ်များ

Jan 10 , 2017

FA ဖလား စတုထ္ထဆင့်ပွဲစဉ်များ ရေးဆွဲခဲ့ပြီဖြစ်ရာ လက်ရှိချန်ပီယံ မန်ယူမှာ ၀ီဂန်နှင့် တွေ့ဆုံရမည် ဖြစ်သည်။

လက်ရှိ ပရီးမီးယားအမှတ်ပေးဇယားကို ဦးဆောင်နေသော ချဲလ်ဆီးအသင်းမှာ လန်ဒန်အနောက်ပိုင်းကလပ်တစ်ခုဖြစ်သော ဘရန့်ဖို့ဒ်နှင့် တွေ့ရမည်ဖြစ်ပြီး မန်စီးတီးမှာ အဝေးကွင်းတွင် ပဲလေ့စ်(သို့မဟုတ်) ဘော်လ်တန်နှင့် ကစားရမည် ဖြစ်သည်။

မန်ယူ ကစားသမားဟောင်း စတမ်းဦးဆောင်သော ရီးဒင်းအသင်းကို မန်ယူ အနိုင်ရခဲ့ကာ နောက်တစ်ဆင့် တက်နိုင်ခဲ့ကာ အိမ်ကွင်းကန်ခွင့်ကိုလည်း ရရှိခဲ့သည်။

မန်ယူမှာ ရီးဒင်းကို ၄-၀ဖြင့် အနိုင်ရခဲ့ကာ စတုထ္ထဆင့်တွင် တွေ့ရမည့် ၀ီဂန်မှာ ချန်ပီယံရှစ်တွင် အဆင့် ၂၃၌ ရှိနေသော အသင်းဖြစ်သည်။

FA ဖလား စတုထ္ထဆင့် ပွဲစဉ်များကို ဇန်န၀ါရီ ၂၇ရက်နှင့် ၃၀ ရက်နေ့များတွင် ကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here