Europe News

အသင်းများလာမည့် ကမ္ဘာ့ဖလား

Jan 11 , 2017

လက်ရှိအချိန်တွင် ၃၂သင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရနေသော ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်မှစ၍ ၄၈ သင်းအထိ တိုးချဲ့၍ ၀င်ခွင့် ယှဉ်ပြိုင်စေတော့မည် ဖြစ်သည်။

ဖီဖာ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူလာသူ အင်ဖန်တီနိုက ထိုကဲ့သို့ စိတ်ကူးခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် အုပ်စုပြိုင်ပွဲများတွင် ၄၈ သင်းလုံး ပါဝင်ရမည် မဟုတ်သော်လည်း အချို့သော အသင်းငယ်များ အနေနှင့် နောက်ဆုံးအဆင့် ပွဲစဉ်ဆီသို့ ၀င်ခွင့်ရရန် အခွင့်အရေးပိုလာမည် ဖြစ်သည်။

အဆိုပါ ၄၈ သင်းတွက် ကမ္ဘာ့ဇုန်များအလိုက် ၀င်ခွင့်ကို တိုးချဲ့သတ်မှတ်ခဲ့ရာတွင် ဥရောပအတွက် ၁၆၊ အာဖရိကအတွက် ၉၊ အာရှအတွက် ၈.၅၊ မြောက်အမေရိက(ကွန်ကာကက်ဖ်ဇုန်)အတွက် ၆.၅၊ တောင်အမေရိကအတွက် ၆.၅နှင့် သမုဒ္ဒရာပိုင်းဇုန် အတွက် ၁.၅ နေရာ ရရှိလာမည်ဖြစ်ပြီး ယင်း ၄၈ သင်းထဲတွင် ရှုံး/ထွက် ကစားရမည့် အသင်းများ ပါဝင်လာမည် ဖြစ်သည်။

လောလောဆယ် ၂၀၁၈ ကမ္ဘာ့ဖလားပွဲအတွက် ဇုန်အလိုက် ခွဲတမ်းရထားမှုမှာ ဥရေပအတွက် အိမ်ရှင်အပါအ၀င် ၁၄ နေရာ၊ အာဖရိကအတွက် ၅ နေရာ၊ အာရှနှင့် တောင်အမေရိကအတွက် ၄.၅စီ၊ မြောက်အမေရိကအတွက် ၃.၅နှင့် သမုဒ္ဒရာပိုင်း အတွက် ၀.၅တို့ ဖြစ်ကြသည်။

U Myo Thant

<< Back Europe News


Advertisement
Here