EPL News

အဲဗာတန်ရောက် ရှနိုက်ဒါလင်

Jan 11 , 2017

မန်ယူကွင်းလယ်ကစားသမား ရှနိုက်ဒါလင်မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၂သန်းဖြင့် အဲဗာတန်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

၂၀၁၅ ဇူလိုင်လတွင် ထိုစဉ်က မန်ယူနည်းပြ ဗန်ဂေါလ်က ရှနိုက်ဒါလင်ကို ပေါင် ၂၅သန်းဖြင့် ဆောက်သင်တန်ထံမှ ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်လက်ရွေးစင် ၂၇ နှစ်သား ရှနိုက်ဒါလင်မှာ မန်ယူအတွက် ၄၇ ပွဲ ကစားခွင့်ရခဲ့သည်။

သို့သော် ယခုရာသီ နည်းပြ မော်ရင်ဟိုလက်ထက်တွင် ရှနိုက်ဒါလင်မှာ ပရီးမီးယား ၃ပွဲအပါအ၀င် စုစုပေါင်း ၈ပွဲသာ ကစားခွင့်ရ ခဲ့သည်။

အဲဗာတန်အသင်းမှာ ရှနိုက်ဒါလင်ကို ခေါ်ယူခဲ့ပြီးနောက် တိုက်စစ်မှုး နီအက်ဆီကို ဟောလ်စီးတီးအသင်းထံ အငှားချခဲ့ကာ ယင်း ဆီနီဂေါ တိုက်စစ်မှုးမှာ ၂၀၁၆က လိုကိုမိုတစ် မော်စကိုထံမှ ပေါင် ၁၃.၅သန်းဖြင့် ခေါ်ယူထားခဲ့သူ ဖြစ်သည်။

မန်ယူအသင်းအနေနှင့် ယခု ဇန်န၀ါရီအပြောင်းအရွှေ့ကာလအတွင်း နောက်ခံလူတစ်ဦး ခေါ်လိမ့်မည်ဟု သတင်းထွက်လျက် ရှိ သည်။

U Myo Thant

<< Back EPL News


Advertisement
Here