EPL News

တယ်ရီကို ဘုန်းမောက်ခေါ်လို

Jan 11 , 2017

ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းမှာ ချဲလ်ဆီးနောက်ခံလူ တယ်ရီကို ရာသီကုန်အထိ ခေါ်ယူလိုနေလျက် ရှိသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော တယ်ရီကို ယခု ၂၀၁၆-၁၇ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူထားနိုင်ရန် ဘုန်းမောက်အသင်း တာဝန်ရှိသူများက ချဲလ်ဆီးထံ ချိတ်ဆက် ကမ်းလှမ်းစုံစမ်းလျက် ရှိနေ သည်။

၃၆ နှစ်သား တယ်ရီမှာ ယခုရာသီ ချဲလ်ဆီး နည်းပြသစ် ကွန်တီလက်ထက်တွင် ပရီးမီးယားပွဲ ၅ပွဲသာ ပါဝင်ခွင့်ရထားပြီး ဘုန်းမောက် နည်းပြ ဟိုဝီက ၎င်းတို့ အနေနှင့် တယ်ရီ၏ အတွေ့အကြုံရင့်ကျက်မှုအပေါ် သဘောကျသဖြင့် ခေါ်ယူကြောင်း ပြော ဆိုခဲ့သည်။

ဘုန်းမောက်အသင်းမှာ လောလောဆယ်တွင် ပရီးမီးယား၌ ပွဲ ၂၀ ကစား ၂၅ မှတ်ဖြင့် အဆင့် ၉ တွင် ရှိနေပြီး လာမည့် စနေနေ့ ပရီးမီးယားပွဲစဉ် ၂၁ တွင် အမှတ်ပေးဇယား အောက်ဆုံးမှ ဟောလ်စီးတီး နှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here