EPL News

သက်တမ်းတိုးမည့် ဖယ်လာနီ

Jan 12 , 2017

လိဂ်ဖလား ဆီမီးဖိုင်နယ်အဖြစ် ဟောလ်စီးတီးနှင့် ကစားခဲ့သောပွဲတွင် အနိုင်ဂိုး ၁ဂိုး သွင်းယူပေးခဲ့သော ဖယ်လာနီကို မန်ယူ အသင်းက စာချုပ် သက်တမ်းတိုးပေးတော့မည် ဖြစ်သည်။

ဘယ်လ်ဂျီယံသား ဖယ်လာနီမှာ ၂၀၁၃တွင်  ထိုစဉ်က မန်ယူနည်းပြ တာဝန်ယူနေသည့် မိုရက်စ်က အဲဗာတန် ထံမှ ပြောင်းရွှေ့ကြေးပေါင် ၂၇.၅သန်းဖြင့် ခေါ်ယူခဲ့သူ ဖြစ်သည်။

ဖယ်လာနီမှာ ယခုရာသီတွင် အသင်းအတွက် အကောင်းဆုံးလုပ်မပြနိုင်ခဲ့ပဲ အသင်းဟောင်း အဲဗာတန်နှင့် ပွဲတွင် လူစားဝင်လာပြီး မိနစ်ပိုင်းအတွင်း သူကြောင့် ပယ်နယ်တီပေးခဲ့ရကာ မန်ယူမှာ နိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်။

ဖယ်လာနီအနေနှင့် နည်းပြ မော်ရင်ဟိုအပါအ၀င် ပရိသတ်များ၏ အကြိုက်တော်မဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ ဂိုးသွင်း ယူနိုင်ပြီးနောက် သက်တမ်းတိုးမည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုသတင်းကြောင့် ၂၉ နှစ်သား ဖယ်လာနီမှာ ၂၀၁၈ အထိ မန်ယူတွင် ဆက်ရှိနေတော့မည် ဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here