Europe News

ထုတ်ပယ်ခံရသော ပါတီဇန်

Jan 12 , 2017

ပေးဆပ်ရန်ရှိသော ကြွေးမြီးများကို ဖြေရှင်းခြင်းမရှိသည့်အတွက် ဆားဘီးယားကလပ်တစ်ခုဖြစ်သော ပါတီဇန်ဘဲလ်ဂရိတ်အသင်း ကို လာမည့် ၃ရာသီအတွင်း မည်သည့် ဥရေပပြိုင်ပွဲများတွင်မဆို ၀င်ရောက်ခွင့် မပေးရန် ဥရေပဘောလုံးအဖွဲ့ချုပ်က အမိန့်ချလိုက် သည်။

၂၀၁၅ ဆာဘီးယားစူပါလီဂါ အမှတ်ပေးချန်ပီယံဖြစ်သော ပါတီဇန်အသင်းမှာ လွန်ခဲ့သည့် ၅နှစ်အတွင်း ကြွေးမြီးကိစ္စဖြေရှင်းရန် ၄ ကြိမ်တိုင်တိုင်ပျက်ကွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဥရေပဘောလုံးအဖွဲ့ချုပ် ရှင်းလင်းချက် ထုတ်ပြန်ခဲ့ သည်။

ပါတီဇန်အသင်းမှာ ၂၀၁၃တွင်လည်း ယခုကိစ္စမျိုးကြောင့် ဥရေပပြိုင်ပွဲများတွင် ၀င်ရောက်ခွင့် ၁နှစ် ပိတ်ပင်ခံခဲ့ရသေးသည်။

ပါတီဇန်အနေနှင့် ယခုရာသီ ယူရိုပါလိဂ်တွင် ပါဝင်ခွင့်ရခဲ့သေးသော်လည်း ဒုတိယအဆင့် ခြေစစ်ပွဲတွင် ပိုလန်ကလပ် ဇီလီဘီကို ရှုံးနိမ့်ကာပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အသင်း ဖြစ်သည်။

 

U Myo Thant

<< Back Europe News


Advertisement
Here