EPL News

ရွန်းနီအကြောင်းပြောတဲ့ မော်ရင်ဟို

Jan 23 , 2017

မန်ယူနည်းပြ မော်ရင်ဟိုက သူ့အနေနှင့် ရွန်းနီ တရုတ်စူပါလိဂ်သို့ ပြောင်းဖြစ်ခဲ့ပါက မည်သို့ဆက်စီစဉ်ရမည်ကို မ သိနိုင်သေးကြောင်း ပြောဆိုလိုက်သည်။

ရွန်းနီမှာ ယခုရာသီတွင် ပုံမှန်ကစားခွင့် မရခဲ့သကဲ့သို့ ဒဏ်ရာကြောင့် နားရသည်များလည်း ရှိခဲ့ကာ မကြာမီ တရုတ်စူပါလိဂ် သို့ ပြောင်းလိမ့်မည်ဟု သတင်းထွက်နေသူ ဖြစ်သည်။

ရွန်းနီမှာ စနေည စတုတ်နှင့် အဝေးကွင်းပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြဟ် ၀င်ကစားခဲ့ရပြီး မန်ယူအတွက် အရှုံးမှ သရေဖြစ်စေသော ၁မှတ်တန် ချေပဂိုးကို ပြစ်ဒဏ်ဘောမှတစ်ဆင့် သွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးမှာ မန်ယူအတွက် ဂိုးအများဆုံး သွင်း ယူနိုင်ခဲ့သော စံချိန်တင် မှတ်တမ်းဝင်ဂိုးလည်း ဖြစ်ခဲ့သည်။

ယခုပွဲ မတိုင်မီ ရွန်းနီနှင့် ဆာဘော်လီချာလ်တန်တို့မှာ မန်ယူအတွက်  ၂၄၉ ဂိုးစီ သွင်းယူကာ စံချိန်တူဖြစ်နေရာမှ ယခုအခါ ရွန်းနီ ၏ သွင်းဂိုးမှာ ၂၅၀သို့ ရောက်ရှိသွားပြီ  ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here