Other World Cup Football News

အုပ်စုအဆင့်မှ ထွက်ရသော အိမ်ရှင်

Jan 23 , 2017

၂၀၁၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အိမ်ရှင် ဂါဘွန်အသင်းမှာ ကင်မရွန်းနှင့် ပွဲ၌ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့သောကြောင့် အုပ်စုအဆင့်နှင့်ပင် ကျေနပ်လိုက်ရကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။

အာဖရိကနိုင်ငံများဖလားပွဲတွင် အိမ်ရှင်အနေနှင့် အုပ်စုအဆင့်မှ ထွက်ရသည်မှာ ၄သင်းသာရှိခဲ့ပြီး ဂါဘွန်မှာ ၄သင်းမြောက် အိမ်ရှင်နိုင်ငံ ဖြစ်သည်။

ဂါဘွန်ကို သရေကစားခဲ့သော ကင်မရွန်းနှင့် ဘူကီနာဖာဆိုတို့မှာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားကြပြီ ဖြစ်သည်။

အခြားအုပ်စု ၃စုမှ အသင်းများမှာ အုပ်စုနောက်ဆုံးပွဲစဉ်များ ကစားရန် ကျန်ရှိနေပြီး ဆီနီဂေါ၊ တူနီးရှား၊ ကွန်ဂို၊ မော်ရိုကို၊ ဂါနာ၊ အီဂျစ်အသင်းများအနေနှင့် ကွာတားဖိုင်နယ်ရောက်ရှိရန် အကောင်းဆုံး အနေအထားတွင် ရှိနေကြသည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here