Other World Cup Football News

နိုင်ပွဲမရှိတဲ့ အယ်ဂျီးရီးယား

Jan 24 , 2017

နာမည်ကြီး အယ်ဂျီးရီးယားအသင်းမှာ ၂၀၁၇ အာဖရိကနိုင်ငံများဖလား အုပ်စုပွဲစဉ်များတွင်  နိုင်ပွဲမရခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။

အယ်ဂျီးရီးယားအသင်းမှာ ယမန်နေ့က အုပ်စုပွဲစဉ်တွင် ဆီနီဂေါနှင့် ၂ဂိုးစီ သရေကျခဲ့ပြီး ၃ပွဲကစား ၂မှတ်ဖြင့် အုပ်စု တတိယသာ ရရှိကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း ဖြစ်သည်။

ဆီနီဂေါအသင်းမှာ ၃ပွဲကစား ၂ပွဲနိုင် ၁ပွဲသရေ ရမှတ်ဖြင့် အုပ်စုဗိုလ်စွဲခဲ့ပြီး တူနီးရှားက ၆မှတ်ဖြင့် ဒုတိယရခဲ့ကာ အယ်ဂျီးရီးယားက ၂မှတ်၊ ဇင်ဘာဘွေက ၁မှတ် အသီးသီးသာ ရရှိခဲ့ကြသည်။

၂၅ နှင့် ၂၆ ရက်နေ့များတွင် အုပ်စု C နှင့် Dမှ နောက်ဆုံး ပွဲစဉ်များ ကစားကြမည်ဖြစ်ပြီး ၂၈၊ ၂၉၊ ၃၀ ရက်နေ့များတွင် ကွာတားဖိုင်နယ်ပွဲများ ကစားပြီးနောက် ဖေဖော်ဝါရီ ၂ရက်နှင့် ၃ရက်နေ့များတွင် ဆီမီးဖိုင်နယ် ၅ရက်နေ့နှင့် ၆ရက်နေ့များတွင် တတိယနေရာလုပွဲနှင့် နောက်ဆုံး ဗိုလ်လုပွဲတို့ ကစားမည် ဖြစ်သည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here