La-liga News

စပိန်ပြန်မည့် အက်ဒရီယန်

Jan 24 , 2017

စပိန်သား တိုက်စစ်မှုး အက်ဒရီယန်မှာ ယခုရာသီ ပေါ်တိုတွင် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရပြီနောက် စပိန် လာလီဂါ သို့ ပြန်ကစားလိုကြောင်း ပြောဆိုလိုက်သည်။

၂၉ နှစ်သား အက်ဒရီယန်မှာ လွန်ခဲ့သောရာသီတွင် ဗီလာရီးရဲလ်၌ အငှားကစားသမားအဖြစ် ကစားခဲ့သူဖြစ်ပြီး ထိုအချိန်က  ဗီလာရီးရဲလ်အတွက် ၂၃ပွဲကစားကာ ယူရိုပါလိဂ် ဆီမီး ပထမအကျော့အဖြစ် လီဗာပူးနှင့် ကစားရစဉ်က သွင်းဂိုး အပါအ၀င် စုစုပေါင်း ၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ပျော်ရွှင်စရာရာသီ ဖြစ်ခဲ့ရသည်။

သို့သော် ယခုရာသီ ပေါ်တိုတွင် ၉ပွဲ ကစားခဲ့ပြီးနောက် ဂိုးပေါက်ပျောက်နေဆဲဖြစ်သော အက်ဒရီယန်က ဗီလာရီးရဲလ် သို့ ပြန် ကစားလိုစိတ် ပေါ်လာခြင်း ဖြစ်သည်။

ဗီလာရီးရဲလ်အသင်း တာဝန်ရှိသူများကလည်း ဒက်ဒရီယန်ကို ခေါ်ယူနိုင်ရန် ပေါ်တိုနှင့် ဆွေးနွေးရာတွင် အဆင်ပြေခဲ့သဖြင့် စပိန်သို့ ရောက်လာတော့မည် ဖြစ်သည်။

လွန်ခဲ့သော ဩဂုတ်လတွင် နည်းပြ မာဆီလီနိုကို ထုတ်ပယ်ခဲ့ပြီးနောက် အက်စ်ခရီဘာကို တာဝန်ပေးထားခဲ့သော ဗီလာရီးရဲလ် မှာ လောလောဆယ် အဆင့် ၄နှင့် ၅တွင် ရှိနေသည့် အက်သလက်တီကို၊ ဆိုစီဒက်တို့၏နောက် ၄မှတ်အကွာ အဆင့် ၆ နေရာ တွင် ရှိနေသော အသင်းဖြစ်သည်။

U Myo Thant

<< Back La-liga News


Advertisement
Here