EPL News

ကွင်းချဲ့မည့် မန်ယူ

Jan 25 , 2017

မန်ယူအသင်းသည် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ကို ပရိသတ်  ၈၈၀၀၀ ၀င်ဆံ့သော ကွင်းအဖြစ် တိုးချဲ့နိုင်ရန် စီစဉ်နေပြီး အကောင် အထည်ပေါ်ခဲ့ပါက ဥရောပတွင် ဒုတိယအကြီးမားဆုံး ကွင်းကြီးအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ယခင်က မန်ယူကွင်းမှာ ပရိသတ် ၆သောင်းကျော်သာ ၀င်ဆံ့ခဲ့ပြီး လောလောဆယ်အချိန်တွင် ပရိသတ် ၇သောင်းခွဲ ၀င်ဆံ့သော ကွင်းအဖြစ် ရှိနေသည်။

ထပ်မံတိုးချဲ့မည့်ခုံများထဲတွင် ပွဲကြည့်စင်အသစ် တစ်ခုဖြစ်သော ဆာဘော်ဘီချာလ်တန် ပွဲကြည့်စင်ဘက်တွင် ထိုင်ခုံများကို ထပ်မံ တပ်ဆင်မည် ဖြစ်သည်။

လောလောဆယ်အချိန်တွင် ဥရောပမှ ပရိသတ်ဝင်ဆံ့မှု အများဆုံးကွင်းကြီးများမှာ (၁) ဘာစီလိုနာ နူးကမ့်ကွင်း၊ ပရိသတ် ၉၉၃၅၄ (၂) လန်ဒန် ၀င်ဘလေ ပရိသတ် ၉၀၀၀၀၊ (၃) ရီးရဲလ်၏ ဘာနေဗျူး ပရိသတ် ၈၅၄၅၄ (၄) ဒေါ့မွန် အိုင်ဒူနာပတ် ပရိသတ် ၈၁၃၅၉ (၅) မီလန် ဆန်စီရို ပရိသတ် ၈၀၀၁၈ တို့ဖြစ်ပြီး ပရိသတ် ၇၅၈၁၁ ၀င်ဆံ့သော မန်ယူ အိုးလ်ထရက်ဖို့ဒ်မှာ အဆင့် (၉) တွင်သာ ရှိနေဆဲ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here