EPL News

နားရဦးမည့် တိုက်စစ်မှုး

Jan 25 , 2017

ဆန်းဒါးလန်းတိုက်စစ်မှုး အန်နီချီဘီမှာ ဒူးဒဏ်ရာကြောင့် နှစ်လခွဲခန့်နားရဦးမည် ဖြစ်သည်။

၂၈ နှစ်သား အန်နီချီဘီမှာ ၀က်စ်ဘရွန်းနှင့် ကစားရစဉ်က လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီးနောက် ထိုဒဏ်ရာရရှိ ခဲ့ခြင်း ဖြစ်သည်။

အဲဗာတန်၊ ၀က်စ်ဘရွန်းတို့တွင်လည်း ကစားခဲ့ဖူးသော အန်နီချီဘီမှာ ထိုပွဲအပြီး နောက်ပိုင်း ဆေးစစ်ကြည့်ရာမှ ဒူးဒဏ်ရာ အခြေ အနေမကောင်းသည်ကို သိရှိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော စက်တင်ဘာလက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆန်းဒါးလန်းသို့ ရောက်ရှိလာသော ထို တိုက်စစ်မှုးမှာ အသင်း အတွက် ၃ဂိုး သွင်းယူထားပြီ ဖြစ်သည်။

တန်းမဆင်းရရေးအတွက် ရုန်းကန်ရမည့် ဆန်းဒါးလန်းဘက်တွင် တိုက်စစ်မှုး ၀တ်မိုးမှာ ဒူးဒဏ်ရာကြောင့် ရာသီကုန် နားရချိန်တွင် အန်နီချီဘီပါ ထပ်နားရဦးမည်ဖြစ်သဖြင့် တိုက်စစ်ပိုင်းတွင် ဒီဖိုး၊ ဘိုရီနီနှင့် ၁၇ နှစ်သား အေဆိုရိုတို့သာ ရှိနေမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here